Friday, January 16, 2009
အလွန်အေးတဲ့ရာသီ ရဲ့ဒုက္ခ
ဒီတပါတ်ကတော့ အတော်အေးတာ၊ -၃၀ ထက်တောင်အေးမယ်ဆိုပဲ၊ ဒီကနေ မနက် အိပ်ရာကထတော့ အိမ်ဘေးက မြစ်နှစ်စင်းအထက်မှာ တိမ်တွေလိုမဲမှောင်ပြီး အလိပ်လိုက်ထနေတဲ့ အငွေ့ တွေကိုတွေ့ရတယ်။ ဋ္ဌေကာက်ခမန်းလိလိပါလား၊ ဦးထုပ်တွေ၊ လက်အိပ်တွေ၊ လည်ပင်းစည်းပုဝါတွေ အကုန်ထည့်သွားမှပဲ၊
အပြင်မထွက်နိုင်တဲ့ သက်ဋ္ဌကီးရွယ်အိုတွေကိုပဲ သနားမိတယ်၊ ကလေးတွေကတော့ ဘယ်လောက်အေးအေး နှင်းတောထဲမှာ ဖြုံတောင်မဖြုံဘူး။ လမ်းလေးမှာ ဟိုဋ္ဌကည့်ဒီဋ္ဌကည့်နဲ့ လွယ်အိပ်တွေလွယ်လို့။ အလကားရတဲ့ ကျောင်းကားကို စီးဘို့  အာပေါက်အောင်ပြောလဲ နားမထောင်ဘူး၊
လမ်းမှာဆော့သွားတာဆိုတော့ တခါတလေလဲ နောက်ကျတယ်။ နောက်ကျပြီဆိုရင် ကျောင်းက စိတ်ပူပြီး အိမ်ကိုဖုန်းလှမ်းဆက်ပြီ။ ဋ္ဌေကာက်စရာကောင်းတာက ကလေးတွေ ပျောက်ပြီးရင် လုံးဝ ပြန်မတွေ့ တတ်ဘူး။ အဲဒါကိုပဲကြောက်တာ။ တစ်နှစ်ကို အနည်းဆုံး ကွိဘက်ပြည်နယ်မှာ တစ်ယောက်နှုန်းလောက်နဲ့ ပျောက်တာ။
မနေ့ ကပဲ ရထားဘူတာရုံထဲမှာ ဋ္ဌေက်ာငြာထားတာ ဖတ်ခဲ့ရသေး၊ ပျောက်သွားတဲ့ ကောင်မလေးက နည်းနည်းနောနော မဟုတ်ဘူး၊ အ၇ပ်၅ ပေ ၅လက်မ ပေါင်၃၀၀ နီးပါးပဲ။

Subscribe to Comments [Atom]