Sunday, February 15, 2009
အလကားရတဲ့ နေ့ လည်စာ
ပြောပြရင်ယုံပါ့မလားမသိ၊ ကျောင်းမှာ ကျောင်းသားတွေ (ကျောင်းသားလို့ယူဆရသူတွေရောပေါ့) ထမင်းအလကားစားရတယ်၊ ဒီမှာတော့ Vegan လို့ ခေါ်တဲ့ လုံးဝအသက်လွတ် အစားအစာပဲ၊ နို့ ထွက်ပစ္စည်းတောင်မပါဘူး။ ထမင်းကလည်း အဟာရဖြစ်စေမဲ့ လုံးတီးဆန်ညိုညိုမဲမဲ၊ အသီးအရွက်သုတ်၊ နဲ့ ဟင်းချိုလည်းပါတယ်၊ တပါတ်မှာ ၄ရက်လောက်ကျွေးတယ်။ ကျွန်တော်လည်း တခါတလေ ငတ်ငတ်နဲ့ ဝင်ဋ္ဌကိတ်တတ်ပါတယ်၊ ဒါပေမဲ့ လူတန်းဋ္ဌကီးက တမျှော်တခေါ်၊ စောင့်ရတာ စိတ်ကမရှည်တော့ အိမ်က အစားအသောက်ကို ဒုက္ခခံ သယ်သွားလိုက်တယ်၊
ကျောင်းမှာ စားသောက်ဆိုင်ရှိပါတယ်၊ စားချင်စဖွယ်ပါပဲ၊ ခက်တာ က အ၀စားစံနစ်ဆိုတော့ စိတ်မထိန်းနိုင်ဘူးလေ၊ ကျွန်တော်တို့လိုအရွယ်မှာ အဲလိုစားသောက်ဆိုင်မျိုးနဲ့ ဝေးဝေးမှာ နေတာအကောင်းဆုံးပါ။ အဲဒီတော့ အိမ်ထမင်း အိမ်ဟင်းသာလျှင် အကောင်းဆုံးပါပဲ။

Subscribe to Comments [Atom]