Monday, February 16, 2009
ကင်ဂျုံအီး နှင့် ကျွန်မခင်ပွန်း
ဒီနေ့ ကတော့ အိမ်ကခင်ပွန်းရဲ့ မွေးနေ့ပါ၊ တိုက်ဆိုင်ချင်တော့ ကင်ဂျုံအီးကလဲ ဖေဖေါ်ဝါရီ (၁၆)ရက်နေ့ မွေးဆိုပဲ၊ ဖြစ်မှဖြစ်ရပလေ၊ ကင်ဂျုံအီးအကြောင်းပြောတော့ ဂျေလင်နို လုပ်တဲ့ စင်တင်ဟာသဇာတ်ကွက်တစ်ခုကို သွားသတိရတယ်၊ အဲဒီမှာ ဂျေလင်နိုက အဖြူမလေးနှစ်ယောက်နဲ့ လူမဲတစ်ယောက်တို့ ကို မေးခွန်းတွေမေးတယ်၊ အားလုံးက ကောလိပ်ကျောင်းသားတွေမှတ်တယ်၊ အဲဒီမှာ အဖြူမလေးအလှည့်ရောက်တော့ ဂျေလင်နိုက ကင်ဂျုံအီးရဲ့ ဗိုက်ပူနံကား အမြင်ကပ်စရာ ပေစောင်းစောင်းနဲ့ ရပ်နေတဲ့ဓါတ်ပုံကို ပိတ်သားပြင်ပေါ်မှာ ပြပြီးတော့ ဒါဘယ်သူလဲလို့မေးပါလေရော၊ အဲဒီတော့ ကောင်မလေးက မဆိုင်းမတွဖြေချလိုက်တာက ဂျက်ကီချန်းတဲ့၊ လူတွေက ပါတ်တုတ်လို့မရအောင် ရယ်ဋ္ဌကတာ မပြောပါနဲ့တော့။ အမေရိကမှာ အဲလောက်ညံ့တဲ့လူတွေရှိတယ်။ မယုံမရှိလေနဲ့ ။
Subscribe to Comments [Atom]