Sunday, February 22, 2009
စိတ်မချမ်းသာစရာ မွန်ထရီယယ်လူသတ်မှု
စိတ်မချမ်းသာစရာ မွန်ထရီယယ်လူသတ်မှု
မနေ့ က မွန်ထရီယယ် မြောက်ပိုင်းက ရပ်ကွက်တစ်ခုမှာ လူသတ်မှုဖြစ်တယ်၊ ရုပ်မြင်သံကြားမှာ ဒီနေ့ မနက် ဒီသတင်းကို ဆက်တိုက်ပြနေတာ။ စိတ်ထဲ အတော်မချမ်းသာစရာ။ ရိုးရိုးတန်းတန်း လူသတ်မှုမဟုတ်၊ မုန်းလို့ သတ်တာလဲ မဟုတ်။ အဖေအရင်းက ၃နှစ်နဲ့  ၅နှစ်အရွယ် သားသမီးအရင်းနှစ်ယောက်ကို သတ်တာ။ အဋ္ဌေကာင်းရင်းကတော့ အိမ်ထောင်ရေး ဖေါက်ပြန်တဲ့ မိန်းမကို လက်စားချေလိုက်တာဆိုပဲ။ အံ့ဋ္ဌေသာပါ့။ တခြားနည်းတွေ တစ်ပုံတစ်ခေါင်းကြီး ထဲမှာ ဒီနည်းကိုမှ ရွေးရသလား။ ပြီးတော့လည်း ဖခင်လုပ်သူ လူသတ်သမားက သာမာန် အညတရစာမတတ် ပေမတတ် မဟုတ်၊ အထူးကုဆရာဝန်ဋ္ဌကီး။ ဒီလိုနိုင်ငံမျိုးမှာ ဒီလိုလူမျိုးဟာ အလွန်ဝင်ငွေကောင်းတာ။ အခုတော့ ကိုယ့်သားသမီး ကိုယ်ပြန်သတ်မှုနဲ့  ထောင်ထဲကို ၀င်ရတော့မယ်။
ဒီလူသတ်မှုနဲ့ ဆက်နွယ်ပြီးတော့ နယူးယောက်မှာ ဖြစ်ခဲ့ဘူးတဲ့ လူသတ်မှုတစ်ခုကို သတိရမိတယ်၊ နယူးယောက်ကအမှု မှာတော့ အိမ်ထောင်ရေးဖေါက်ပြန်သူက ယောက်ျား၊ ဒီအမှုမှာလဲ လင်မယားနှစ်ယောက်လုံးက သွားဆရာဝန်တွေ၊ ယောကျာ်းလုပ်သူက တစ်နှစ်ကို အနည်းဆုံး ဒေါ်လာ၆သိန်းခွဲ ၀င်တယ်လို့ ဆိုတယ်။ မိန်းမဖြစ်သူက ဖေါက်ပြန်နေတဲ့ယောက်ျားကို နောက်ယောင်ခံဘို့ အတွက် အလွတ်စုံထောက်တစ်ယောက်ငှားလိုက်တယ်၊ စုံထောက်က ဒီလူသွားလေရာနောက် တစ်ကောက်ကောက်လိုက်ပေါ့။ တစ်ရက်မှာတော့ စုံထောက်က ဒီလူရဲ့  အမြှောင်မယားနေတဲ့ တိုက်အောက် ကားရပ်နားရာအထပ်ကနေ ဒီလူကို လက်ပူးလက်ကျပ် ဖမ်းဘို့ မိန်းမဖြစ်သူကို ဖုန်းဆက်ခေါ်လိုက်တယ်။ အမျိုးသမီးက ချက်ချင်းကားပါကင်ကို ရောက်လာပြီး ယောကျာ်းလုပ်သူရဲ့ ကားနားကနေ စောင့်နေတာပေါ.၊ အလွန်စုံထောက်ကလဲ သူ့ ကားထဲမှာ အခြေအနေသိရအောင် စောင့်နေတယ်၊ ယောက်ျားလုပ်သူက ကိစ္တ၀ိစ္တတွေပြီးတော့ဆင်းလဲလာရော၊ မိန်းမလုပ်သူက ကားကိုအရှိန်နဲ့ မောင်းသွားပြီး ထပ်ပြန်တလဲလဲ ဋ္ဌကိတ်တော့တာဘဲ၊ ပထမဆုံး ကားနဲ့ စတိုက်လိုက်တော့ ဒီလူ့ ရဲ့ ကိုယ်ဟာ သူမူလ ရပ်နေရာကနေ ၂၅ပေလောက်ကို လွင့်ထွက်သွားပြီးထပ်ခါထပ်ခါ အဋ္ဌကိတ်ခံရတာကို သူ့ သမီးအရင်းအပါအ၀င် မျက်မြင်သက်သေတွေအများကြီးက မြင်လိုက်ရတာ။ နောက်ဆုံးမှာ အမျိုးသမီးရဲ့ အမှုကို စိတ်လိုက်မာန်ပါလုပ်လို့ ဖြစ်ရတယ်ဆိုပြီး ထောင်ဒါဏ်အနှစ်၂၀ချလိုက်ကြတယ်။
ဘာမဟုတ်တဲ့ ကာမတဏှာကို အသုံးချပုံမမှန်ကန်တော့၊ အင်မတန်အဖိုးတန်လှတဲ့ လူ့ အသက်တွေဆုံးရှုံး ရတယ်၊ ဘာသာတရားလုံးဝကွယ်ပျောက်နေတဲ့ ဒီအရပ်ဒေသမှာ ခုလို စိတ်နောက်ကိုယ်ပါ လုပ်ရပ်တွေဟာ ဆက်လက်ဖြစ်နေအုံးမှာပါဘဲ။
Subscribe to Comments [Atom]