Wednesday, April 1, 2009

၂၀၁၀ ရွေးကောက်ပွံ


အခုတလော ရွေးကောက်ပွဲနဲ့ ပါတ်သက်တဲ့ သတင်းတွေ အတော်ဆူဆူညံညံပေါ်ထွက်နေပါတယ်။ သူများတွေ ဘာပဲပြောပြော၊ ကျွန်မကတော့ ရွေးကောက်ပွဲကို ဒီနေရာက ထောက်ခံလိုက်ပါတယ်။ ဒီလိုထောက်ခံခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ မတရားသဖြင့် ဖိနှိပ်ထောင်ချခံထားရတဲ့ နိုင်ငံရေး ရဲဘော် ရဲဘက်များကို ဆန့့်ကျင်ခြင်းမဟုတ်ပါ။ ဒုက္ခလွန်စွာရောက်ပြီး မျှော်လင့်ချက်ကင်းမဲ့နေကြတဲ့ ပြည်တွင်းက မောင်ငယ်၊ညီမငယ်များ အတွက် တနည်းတဖုံ အခွင့်အလန်းများ ပွင့်လန်းလာလေမလားဆိုတဲ့ မျှော်လင့်ချက်မျိုး ဖြစ်ပါတယ်။ တခြားမျှော်လင့်ချက်တစ်ခုကလည်း သူတို့ လိုချင်တာကို ဖန်တီးနိုင်ပြီလို့ ယူဆသွားတာနဲ့ နိုင်ငံရေးမှုကြောင့် ထောင်ကျနေရတဲ့ သူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးကောင်းပေးမယ်ဆိုတာပါပဲ။

ရွေးကောက်ပွဲမှာ ပါဝင်ဆင်နွှဲဘို့ စီးပွားရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ နယ်ပယ် အသီးသီးက လူတွေဟာ အဆင်သင့်ပြင်ဆင်နေပြီးလောက်ပါပြီ။ အဲဒီအထဲမှာ အချောင်သမားများလည်း မလွဲမသွေ ပါဝင်ဆင်နွှဲအုံးမှာပါ။ ကျွန်မကတော့ အဲဒီအတွက် သိပ်စိတ်မပူလှပါ။ အင်တာနက်စာမျက်နှာက နိုင်ငံရေးသမားတစ်ယောက် ရေးသလိုရေးရရင် ပြည်သူလူထုရဲ့ အသည်းကြားက မဲတစ်ပြားကို ရဘို့ ဆိုတာ တိမ်မယောင်နဲ့ နက်၊ လွယ်မယောင်နဲ့ ခက်တဲ့အရာဆိုတာကို လွန်ခဲ့တဲ့ နှစ်၂၀လောက်က မြင်ဘူးထားတဲ့အတွက် အခုလည်း ပြည်သူလူထုအနေနဲ့ ပါးနပ်လျှင်မြန်တဲ့ ဆုးံဖြတ်ချက်တွေကို ပြသကြအုံးမယ်လို့  သေချာပေါက်သိနေပါတယ်။
ပည်သူလူထုဋ္ဌကီးတစ်ရပ်လုံး အခက်အခဲဋ္ဌကားက အမြန်ဆုံးလွတ်မြောက်ကြပါစေ။

Comments: Post a Comment

Subscribe to Post Comments [Atom]





<< Home

This page is powered by Blogger. Isn't yours?

Subscribe to Comments [Atom]