Monday, April 13, 2009
ပျော်စရာ ဆယ်ကျော်သက်က သက္လြန်နေ့ ရက်များ
ဒီလိုအချိန်မျိုးမှာ ရေပက်မခံချင်သူတွေကို ရေအတင်းအဓမ္မလိုက်ပက်ခဲ့တာ၊ အဖိုးကြီးတွေကို တွေ့ ရင် ယောက္ခမကြီးလို့ ခေါ်ခဲ့တာ၊ စောစောစီးစီး မိတ်ကပ်လိမ်းပြီး
မီးပွိုင့်မှာ ရေစောင့်လောင်းတာ၊ သူငယ်ချင်းတွေနဲ့ ရေပက်ခံထွက်ရင် ကောင်လေးတွေကို ကိုရေကိုရေ ညီမတို့ ဋ္ဌေကာက်တယ်။ကိုရေ့ လို့ အော်တာတွေကို
သတိရမိတယ်။ ဟော သင်္ကြန်လဲပြီးရော၊ လူလဲ မည်းသလဲပြီး ရုတ်ပျက်ဆင်းပျက်ဖြစ်ကျန်ခဲ့ရော။ မနည်းကိုပဲ အိမ်တွင်းပုန်း သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းပြီး
အသားပြန်မွေးယူရတော့တယ်။
နောက်ဆုံးအကြိမ်ရေပက်ခံထွက်တော့ ပုဂံမှာပေါ့။ အဲဒီတော့ အိမ်ထောင်ကျပြီးခါစပဲ ရှိပါသေးတယ်။ ခင်ပွန်းသည်နဲ့ စက်ဘီးကိုယ်စီ စီးရင်း သွားကြတာ။
နောက်ကရေလိုက်လောင်းရင်း အဂ္ဂလိပ်လို ကိုယ်လုံးကိုယ်ပေါက်လှကြောင်း ကောင်လေးတွေက ပြောတော့ ခင်ပွန်းသည်က သဘောတွေကျလို့ ပြောမဆုံးဘူး။
အဲဒီတုံးက မူးနေတဲ့ ကောင်လေးနှစ်ယောက် ဆိုက်ကယ်နဲ့ လိုက်လာပြီးနှောက်ယှက်လို့  ရန်တွေဖြစ်ကြရတယ်။

Subscribe to Comments [Atom]